Terms & Conditions

APC Mart website (http://apcshop.com.mm/)] (“Website”) သည် APC Mar Company Limited (“APC Mart” သို့မဟုတ် “ကျွန်ုပ်တို့” ဟုရည်ညွှန်းပါမည်) ၏ ဝက်ဘ်ဆိုက်ဖြစ်ပြီး လူကြီးမင်းသည် Website မှတဆင့် သို့မဟုတ် Website ကို အသုံးပြု၍ ပစ္စည်းများ ဝယ်ယူခြင်း အပါအဝင် APC Mart နှင့် ဆက်သွယ်ဆောင်ရွက်ရာတွင် နှင့် Website ကို အသုံးပြုရာတွင် ဤစည်းကမ်းချက်များက လွှမ်းမိုးပါမည်။

WEBSITE အသုံးပြုခြင်းအတွက် စည်းကမ်းချက်များ Website ကို အသုံးပြုခြင်း သို့မဟုတ် အသုံးပြုရန် မှတ်ပုံတင်ခြင်းဖြင့် လူကြီးမင်းသည် ဤစည်းကမ်းချက်များကို လိုက်နာမည်ဖြစ်ကြောင်း သဘောတူညီပြီး ဖြစ်ပါသည်။

၁။ Account ဖွင့်လှစ်ခြင်း

၁(၁) Website မှတဆင့် မှာယူခြင်း မပြုလုပ်မီ Account တစ်ခုနှင့် မှတ်ပုံတင်၍ Log in ပြုလုပ်ရမည်။ မှတ်ပုံတင်ရန် ပေးအပ်သော သို့မဟုတ် မည်သည့်အချိန်၌မဆို ပေးအပ်သော အသေးစိတ် အချက်အလက်များသည် ပြည့်စုံ၍ တိကျမှန်ကန်စေရန် ဖြည့်စွက်သူထံ တာဝန်ရှိပါသည်။
၁(၂) Website တွင် မှတ်ပုံတင်ရာ၌ password တစ်ခု ထားရှိရန် လိုအပ်ပါမည်။ လူကြီးမင်းအနေဖြင့် အဆိုပါ password ကို လျို့ဝှက်ထိန်းသိမ်းရန် တာဝန်ရှိပါသည်။ လူကြီးမင်း၏ password ဖြင့် ဆောင်ရွက်သော လုပ် ငန်းများ နှင့် မှာယူမှုများအတွက် လူကြီးမင်းက တာဝန်ယူရမည်။ လူကြီးမင်း၏ password ကို အခြား တစ်ဦးက သိရှိသည် သို့မဟုတ် လူကြီးမင်း၏ ခွင့်ပြုချက်မရှိဘဲ password အား အသုံးပြုနေသည်ဟု လူကြီးမင်း အနေဖြင့် ယုံကြည်ရန် အကြောင်းရှိပါက ကျွန်ုပ်တို့ထံ ချက်ချင်း အကြောင်း ကြားပါ။
၁(၃) Website တွင် မှတ်ပုံတင်ခြင်းဖြင့် APC Mart ထံမှ အရောင်းမြှင့်တင်ရေး ဆိုင်ရာ အကြောင်းကြား၊ဆက်သွယ်မှုများ နှင့် newsletter များကို လက်ခံရန် လူကြီးမင်းက သဘောတူညီပြီး ဖြစ်ပါသည်။ "My Account" တွင် ပယ်ဖျက် ခြင်း သို့မဟုတ် Website တွင် အသေးစိတ် ဖော်ပြထားသော customer services (“Customer Services”) နှင့် ဆက်သွယ်ခြင်းဖြင့် မည်သည့်အချိန်၌မဆို အဆိုပါ သဘောတူညီချက်ကို ပယ်ဖျက်နိုင်ပါသည်။

၂။ Website မှတဆင့်ပစ္စည်းများဝယ်ယူရရှိနိုင်မှု

၂(၁) APC Mart သည် ဝန်ဆောင်မှုများကို တတ်နိုင်သရွေ့ အကောင်းဆုံး ဆောင်ရွက်ပေးရန် ရည်ရွယ်သော်လည်း Website ပေါ်ရှိ ဝန်ဆောင်မှုများသည် လူကြီးမင်း၏ လိုအပ်ချက်များအတိုင်း ကိုက်ညီမည်ဟု ကတိပြုခြင်း မရှိ ပါ။ ဝန်ဆောင်မှုများသည် အမှားအယွင်း ကင်းစင်သည်ဟု APC Mart က အာမခံခြင်း မရှိပါ။ ဝန်ဆောင်မှုတွင် ချို့ ယွင်းချက်ရှိပါက သို့မဟုတ် ပြဿနာရှိပါက Customer Service Team သို့ သတင်းပေးပို့ နိုင်ပြီး ချို့ယွင်းချက် ကို ပြင်ဆင်ရန် ကြိုးပမ်းသွားပါမည်။
၂(၂) ဝန်ဆောင်မှုအသစ်များ၊ facilities အသစ်များ နှင့် မိတ်ဆက်ပေးရန် သို့မဟုတ် ပြင်ဆင်ထိန်းသိမ်းရန် Website နှင့် ချိတ်ဆက်မှုများကို တစ်ခါတစ်ရံ ဖြတ်တောက်ထားနိုင်ပါသည်။

၃။ ဉာဏ ပစ္စည်းများ

၃(၁) Website တွင် ပါဝင်သော အကြောင်းအရာများသည် APC Mart ၏ ပိုင်ဆိုင်ပစ္စည်းဖြစ်ပြီး APC Mart ၏ ခွင့်ပြုချက် မရှိဘဲ၊ မည်သည့် အလုပ်ကိစ္စ အတွက် မဆို မိတ္တူကူးယူခြင်း၊ ပြန်လည် ထုတ်ဝေခြင်း သို့မဟုတ် အသုံးပြုခြင်း မရှိစေရ။
၃(၂) APC Mart ၏ ခွင့်ပြုချက် မရှိဘဲ {APC Mart} ကုန်အမှတ်တံဆိပ် သို့မဟုတ် APC Mart အခြား ကုန်အမှတ် တံဆိပ် များကို အသုံးမပြုရ။

၄။ လူကြီးမင်း၏ account အား ဆိုင်းငံ့နိုင်ခွင့် သို့မဟုတ် ပယ်ဖျက်နိုင်ခွင့်

၄(၁) APC Mart သည် အောက်ပါအခြေအနေများတွင် ၎င်း၏ ဆုံးဖြတ်ချက်ဖြင့် Website ပေါ်ရှိ လူကြီးမင်း၏ account အား ဆိုင်းငံ့နိုင်ခွင့် သို့မဟုတ် ပယ်ဖျက်နိုင်ခွင့် ရှိပါသည်။
၄(၁)(၁) ဤစည်းကမ်းချက်များအရ သတ်မှတ်ထားသော တာဝန်ကို ဖောက်ဖျက်ခြင်း၊
၄(၁)(၂) Website ကို မမှန်မကန် အသုံးပြုသည် သို့မဟုတ် မသမာမှု ပြုလုပ်သည်ဟု ယုံကြည်ရန် အကြောင်း ရှိခြင်း၊
၄(၁)(၃) Website ကို အသုံးပြုစဉ် ဥပဒေ၊ စည်းမျဉ်းများကို ဖောက်ဖျက်ခြင်း။

၅။ ပြင်ပ အဖွဲ့အစည်းများနှင့် သက်ဆိုင်သော စည်းကမ်းချက် ၅(၁) Website တွင် ပြင်ပ အဖွဲ့အစည်းက ပြုလုပ်ထားသော လင့်ခ်များ သို့မဟုတ် သုံးစွဲသူများ၏ မှတ်ချက်များ၊ ကြော်ငြာများ၊ အခမဲ့ အသုံးပြုခွင့် ပေးခြင်း စသည့် ပြင်ပ အဖွဲ့အစည်းများနှင့် သက်ဆိုင်သော အကြောင်းအရာ များ ပါရှိနိုင်ပါသည်။ အဆိုပါ ပြင်ပ အဖွဲ့အစည်းက ဖန်တီးထားသော အကြောင်းအရာများသည် သက်ဆိုင်ရာ ဥပဒေ၊ စည်းမျဉ်းများနှင့် ကိုက်ညီသည်ဟု APC Mart က အာမခံခြင်း၊ တာဝန်ယူခြင်း မရှိဘဲ ယင်းအကြောင်း အရာများတွင် အမှားအယွင်းများ ပါရှိပါကလည်း APC Mart တွင် တာဝန်မရှိပါ။

အရောင်းဆိုင်ရာ စည်းကမ်းချက်များ

ဝက်ဘ်ဆိုက်မှ တဆင့် မှာယူခြင်းဖြင့် လူကြီးမင်းသည် ဤစည်းကမ်းချက်များကို လိုက်နာမည် ဖြစ်ကြောင်း သဘော တူညီပြီး ဖြစ်ပါသည်။

၁။ သဘောတူညီချက်နှင့် ပယ်ဖျက်နိုင်ခွင့်

၁(၁) ကျွန်ုပ်တို့သည် အောက်ပါ အခြေအနေများတွင် အမှာစာများကို ဖျက်သိမ်းခွင့် ရှိပါသည် - (က) လိမ်လည်မှု သို့မဟုတ် မသမာမှု ပြုလုပ်သည်ဟု သံသယရှိခြင်း၊ (ခ) ဤစည်းကမ်းချက်များကို ဖောက်ဖျက်၍ သို့မဟုတ် ဆန့်ကျင်၍ ဆောင်ရွက်ချက် ပြုလုပ်သည်ဟု ကျွန်ုပ်တို့မှ သံသယရှိခြင်း၊ (ဂ) promotion code အား အလွဲ သုံးစား ပြုလုပ်သည်ဟု သံသယရှိခြင်း၊ (ဃ) ပစ္စည်းများကို ပို့ဆောင်ပေးရန် အခက်အခဲရှိခြင်း အပါအဝင် ကျွန်ုပ် တို့မှ ထိန်းချုပ်၍ မရသော အကြောင်းတရားများ ဖြစ်ပွားခြင်း၊ သို့မဟုတ် (င) ကျွန်ုပ်တို့၏ ဝန်ဆောင်မှု များကို အသုံးပြု၍ ပြင်ပပုဂ္ဂိုလ်၊ အဖွဲ့အစည်းများထံ ပစ္စည်းများ ရောင်းချရန် ကြိုးပမ်းနေသည်ဟု သံသယရှိခြင်း။
၁(၂) လူကြီးမင်းသည် ပစ္စည်းမှာယူထားသော အချိန် နှင့် နေ့ရက်မတိုင်မီ တစ်ရက်ကြိုတင်၍ နေ့လည် ၂ နာရီထက် နောက်မကျစေဘဲ Customer Care သို့ဖုန်းဆက်အကြောင်းကြား၍ မှာယူမှုကို ဖျက်သိမ်းနိုင်ပါသည်။

၂။ ပစ္စည်းများ ရရှိနိုင်မှု

၂(၁) ကျွန်ုပ်တို့သည် လူကြီးမင်းက မှာယူသော ပစ္စည်းများကို အခြေအနေများအားလုံးတွင် ကြိုးစားဖြည့်ဆည်း ပေး ပါမည်။ သို့ရာတွင် လူကြီးမင်းက မှာယူထားသော ပစ္စည်း သို့မဟုတ် ပစ္စည်းများကို ရောင်းချမပေးနိုင်ပါက ထိုသို့ မရောင်းချနိုင်ကြောင်းကို လူကြီးမင်းထံ အကြောင်းကြားသွားပါမည်။ မရရှိသော ပစ္စည်း၏ တန်ဖိုးကို နောက်ဆုံး အမှာစာ၏ကျသင့်ငွေမှ နုတ်ဖယ်ထားပါမည်။ ပစ္စည်းများ မရနိုင်ခြင်းအတွက် မည်သည့် ကိစ္စ၌ မဆို ကျွန်ုပ်တို့ တွင် တာဝန် တစ်စုံတစ်ရာ မရှိပါ။

၃။ ပို့ဆောင်ခြင်း နှင့် ငွေပေးချေခြင်း

၃(၁) လူကြီးမင်းက ဖြည့်စွက်ထားသော အမှာစာဖောင်တွင် ဖော်ပြထားသော လိပ်စာထံ ပစ္စည်းများကို ပို့ဆောင် သွားပါမည်။
၃(၂) လူကြီးမင်းက ပစ္စည်းမှာယူသော အချိန်တွင် ပစ္စည်းပေးပို့ ရမည့် အချိန်အား သဘောတူ သတ်မှတ်ရမည်။
၃(၃) ပေးပို့ရမည့် လိပ်စာ၏ အဓိက ဝင်ပေါက်အထိ လူကြီးမင်းက မှာယူသော ပစ္စည်းအား ပို့ဆောင်ပေးပါမည်။ လူကြီးမင်းကတောင်းဆိုပါက ကျွန်ုပ်တို့၏ သယ်ယူပို့ဆောင်သူသည် လူကြီးမင်း၏ နေအိမ်အတွင်းသို့ ဝင်ရောက် ပေးပို့ပါမည်၊ ဥပမာ - တိုက်ခန်းရှိရာ အထပ်သို့ ပို့ဆောင်ပေးခြင်း၊ မီးဖိုချောင်အတွင်းသို့ ပို့ဆောင်ပေးခြင်း။ ထိုသို့ ပို့ဆောင်ရာတွင် (က) သယ်ယူပို့ဆောင်သူ (ကားမောင်းသူ) သည် လူကြီးမင်း၏ ခွင့်ပြုချက်ဖြင့် ဝင်ရောက်ခြင်း ဖြစ်ရမည်၊ (ခ) လူကြီးမင်းက တောင်းဆိုသည့်အတိုင်း ဆောင်ရွက်ပေးရန် ဘေးအန္တရာယ်ကင်းရှင်းသည် သို့မဟုတ် လက်တွေ့ကျသည်ဟု ကျွန်ုပ်တို့၏ သယ်ယူပို့ဆောင်သူက လက်ခံသောအခြေအနေဖြစ်ရမည်။ မည်သို့ပင်ဆိုစေကာမူ ကျွန်ုပ်တို့၏ တာဝန်မှာ လူကြီးမင်း ပေးအပ်ထားသော လိပ်စာ၏ ဝင်ပေါက် အထိသာ ပစ္စည်းကို ပေးပို့ရန် ဖြစ်ပါသည်။
၃(၄) ပစ္စည်းများကို ရန်ကုန်မြို့အတွင်းရှိ မြို့နယ်အချို့ကိုသာ ပေးပို့ကြောင်း သတိပြုပါ။ လူကြီးမင်းက ပစ္စည်းမှာယူ ချိန် တွင် drop-down menu ၌ ကျွန်ုပ်တို့ ပို့ဆောင်ပေးသော မြို့နယ်များကို ကြည့်ရှုနိုင်ပါသည် သို့မဟုတ် Website တွင် မြို့နယ်ကို ရွေးချယ်ရာ၌ ရွေးချယ်လိုသော မြို့နယ်ကို မဖော်ပြထားပါက အဆိုပါ မြို့နယ်သို့ ပစ္စည်းပေးပို့ခြင်း ဝန်ဆောင်မှု လတ်တလောတွင် မရသေးကြောင်း သိရှိနိုင်ပါသည်။
၃(၅) ပစ္စည်းမှာယူမှုများအားလုံးကို အသက် ၁၈ နှစ် နှင့် အထက် လူကြီးများကသာ လက်မှတ်ရေးထိုး ဆောင်ရွက် ရမည်။ ပစ္စည်း ပေးပို့ချိန်တွင် လက်ခံရန် အုပ်ထိန်းသူ မရှိပါက သို့မဟုတ် ပေးပို့ရန် လိပ်စာကို မှားယွင်း၍ သော် လည်းကောင်း၊ မပြည့်မစုံ သော်လည်းကောင်း ဖော်ပြမိပါက၊ နောက်တစ်ကြိမ် ပေးပို့ရမည် ဖြစ်သောကြောင့် ပို့ဆောင်ခကို ထပ်မံ ကောက်ခံသွားပါမည်။
၃(၆) လူကြီးမင်းနှင့် သဘောတူထားသော အချိန်တွင် ပစ္စည်းများကို ပို့ဆောင်ရန် ကြိုးပမ်းသွားပါမည်။ သို့ရာတွင် ကျွန်ုပ် တို့ ထိန်းချုပ်၍ မရသော အခြေအနေများ (ဥပမာ - ယာဉ်ကြော ကြပ်တည်းမှုကြောင့်) ပစ္စည်းများကို သဘောတူညီထားသော အချိန်တွင် မပေးပို့နိုင်ပါက ကျွန်ုပ်တို့တွင် ပေးလျော်ရန် တာဝန် မရှိကြောင်း အသိပေး အပ်ပါသည်။
၃(၇) မှာယူမှုအတွက် ပစ္စည်းများ ပေးပို့ချိန်တွင် လာရောက်ပေးပို့သော ကျွန်ုပ်တို့၏ ဝန်ထမ်းထံ မြန်မာကျပ်ငွေဖြင့် ငွေပေးချေ ရမည်။ အနာဂတ်တွင် အခြားငွေပေးချေမှု နည်းလမ်းများကို မိတ်ဆက်အသုံးပြုသွားပါမည်။

၄။ ပစ္စည်းများ ပြန်လည်အပ်နှံခြင်း နှင့် ငွေပြန်အမ်းခြင်း

၄(၁) ကျွန်ုပ်တို့သည် ပစ္စည်းများကို အမေးအမြန်းမရှိ ပြန်လည်လက်ခံသော၊ ငွေပြန်အမ်းသော ("no questions asked” return and refund) ပေါ်လစီကို ကျင့်သုံးပါသည်။ ထို့ကြောင့် လူကြီးမင်းသည် ပစ္စည်း၏ အရည် အသွေး သို့မဟုတ် လတ်ဆတ်မှု နှင့် စပ်လျဉ်း၍ မည်သည့်အကြောင်းကြောင့် မဆို ကျေနပ်မှု မရှိပါက ပစ္စည်း ပေးပို့သည့် အချိန်တွင် ပြန်လည် အပ်နှံ ခွင့် ရှိပါသည်။
၄(၂) ကျွန်ုပ်တို့၏ သယ်ယူပို့ဆောင်သူသည် ပြန်လည်အပ်နှံသော ပစ္စည်းကို ယူဆောင်လာမည် ဖြစ်ပြီး လူကြီးမင်း သည် ပြန်လည်အပ်နှံသော ပစ္စည်း အတွက် ငွေပေးချေရန် မလိုပါ။ ကျွန်ုပ်တို့၏ သယ်ယူပို့ဆောင်သူသည် ပစ္စည်း ပို့ဆောင်သည့် အချိန်တွင် လူကြီးမင်း၏ မှာယူမှု စုစုပေါင်း ကျသင့်ငွေမှ ပြန်လည် အပ်နှံသော ပစ္စည်းဖိုး အား နုတ်ဖယ်ထားပါမည်။
၄(၃) ပစ္စည်း ပေးပို့ချိန်တွင် လက်ခံပြီးနောက်ပိုင်းမှ ပစ္စည်း ပြန်အပ်ခြင်း သို့မဟုတ် ပြန်အမ်းငွေ တောင်းခံခြင်းတို့ကို ကိစ္စရပ်များအားလုံးတွင် လက်မခံကြောင်း သတိပြုပါ။ သို့ရာတွင် အချို့ အခြေအနေများ၌ ပစ္စည်း ပေးပို့ပြီး နောက် ၇ ရက်အတွင်း ပစ္စည်းများ လဲလှယ်ခြင်း၊ ပြန်လည် ပေးပို့ခြင်းအား လက်ခံပါမည်။ ပစ္စည်း ပေးပို့ပြီး နောက် ၇ ရက်နောက်ပိုင်းတွင် ပစ္စည်းလဲလှယ် ပေးရန် တောင်းဆိုမှုများကိုမူ ဖြည့်ဆည်းပေးနိုင်မည် မဟုတ်ပါ။
၄(၄) ပြန်လည် ပေးပို့လာသော ပစ္စည်းများနှင့် စပ်လျဉ်းသော APC Shop platform ၏ ပေါ်လစီသည် အောက်ပါ အတိုင်း ဖြစ်ပါသည်။

၅။ ပစ္စည်း အကြောင်းအရာ

၅(၁) Website တွင် ပါရှိသော ပစ္စည်း အကြောင်းအရာ မှန်ကန်စေရန် ကုမ္ပဏီက ကြိုးပမ်း ဆောင်ရွက် ထားပါသည်။ သို့ရာတွင် ပစ္စည်း၏ အမှန်တကယ် ထုပ်ပိုးမှုပုံစံ နှင့် အခြားအရာများသည် Website ပေါ်တွင် ပြသထားသည် နှင့် ကွဲလွဲနိုင်ပြီး ပါဝင်ပစ္စည်းများသည်လည်း ပြောင်းလဲနိုင်ပါသည်။ Website တွင် ဖော်ပြထားခြင်းသည် ပစ္စည်း များ၏ အချက်အလက်ကိုသာ ဖော်ပြလိုခြင်း ဖြစ်ပါသည်။ Website တွင် ဖော်ပြထားသော အချက်အလက် များကိုသာ အားထားခြင်း မပြုရန် တိုက်တွန်းလိုပါသည်။ ပစ္စည်းကို အသုံးမပြုမီ၊ တံဆိပ် ကတ်ပြား၊ သတိပေး ချက် နှင့် သုံးစွဲရန် အညွှန်းတို့ကို သေချာစွာ ဖတ်ရှုပါရန် တိုက်တွန်းပါသည်။

၆။ ပုဂ္ဂိုလ်ရေးရာ အချက်အလက်ဆိုင်ရာ ပေါ်လစီ (Privacy Policy)

၆(၁) လူကြီးမင်းထံမှ အချက်အလက်များကို တောင်းယူခြင်း၊ အသုံးပြုခြင်း၊ အသိပေးပြောကြားခြင်း တို့နှင့်စပ်လျဉ်း သော ကိစ္စများကို APC Mart Privacy Policy တွင် အသေးစိတ် ဖော်ပြထားပါသည်။ ယင်း ပေါ်လစီ အား ဤစည်းကမ်းချက်များတွင် ပါဝင်သည်ဟု မှတ်ယူရမည်။
၆(၂) လူကြီးမင်းသည် ကျွန်ုပ်တို့၏ Website နှင့် အခြား အက်ပလီကေးရှင်းများကို အသုံးပြုပါက ကျွန်ုပ်တို့၏ Privacy Policy ပါ စည်းကမ်းချက်များက စည်းနှောင်မှုရှိစေရန် နှင့် ဤစည်းကမ်းချက်များတွင် ဖော်ပြထား သည့်အတိုင်း လူကြီးမင်း၏ အချက်အလက်များကို ရယူခွင့်၊ သိမ်းဆည်းခွင့်၊ အသုံးပြုခွင့်ပေးရန် သဘောတူပြီး ဖြစ်သောကြောင့် Privacy Policy အား သေချာစွာ ဖတ်ရှုပါရန် တိုက်တွန်းလိုပါသည်။
၆(၃) လူကြီးမင်း၏ အချက်အလက်များကို ရယူခြင်း သို့မဟုတ် အသုံးပြုခြင်း နည်းလမ်း အပါအဝင် ကျွန်ုပ်တို့၏ Privacy Policy ပါ စည်းကမ်းချက်များကို သဘောမတူလျှင် Website သို့မဟုတ် အက်ပလီကေးရှင်းများကို အသုံးမပြုရန် သို့မဟုတ် ချိတ်ဆက်ခြင်း မပြုရန် မေတ္တာရပ်ခံပါသည်။

အထွေထွေစည်းကမ်းချက်များ ၁။ ပြင်ဆင်ခြင်း ကျွန်ုပ်တို့သည် ဤစည်းကမ်းချက်များကို အချိန်မရွေး ပြင်ဆင်ခွင့် ရှိပါသည်။ လူကြီးမင်းသည် Website ကို အသုံးပြုသည့်အချိန် သို့မဟုတ် မှာယူသည့်အချိန်တွင် တည်ဆဲ စည်းကမ်းချက်များအတိုင်း လိုက်နာ ဆောင်ရွက် ရမည်။ ဤစည်းကမ်းချက် တစ်ရပ်ရပ်သည် တရားမဝင်ခြင်း၊ ပျက်ပြယ်ခြင်း သို့မဟုတ် မည်သည့် အကြောင်း ကြောင့် မဆို အကျိုးမသက်ရောက်ခြင်း ဖြစ်လျှင် အဆိုပါ စည်းကမ်းချက်အား သီးခြားစွာ တည်ရှိသော စည်းကမ်းချက် အဖြစ်မှတ်ယူ၍ ကျန်ရှိသော စည်းကမ်းချက်များ၏ တရားဝင်မှု၊ အကျိုးသက်ရောက်မှု တို့ အပေါ် ထိခိုက်ခြင်း မရှိစေရ။ ၂။ သက်ဆိုင်သည့် ဥပဒေ ဤစည်းကမ်းချက်များကို ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ၏ ဥပဒေများက လွှမ်းမိုးပြီး ယင်းဥပဒေ များနှင့် အညီ အဓိပ္ပါယ် ကောက်ယူရမည်။ ဖြစ်ပေါ်လာသော အငြင်းပွားမှု သို့မဟုတ် တိုင်ကြားမှုမှန်သမျှကို မြန်မာနိုင်ငံ ၏ တရားရုံးများ တွင်သာ ဖြေရှင်းဆောင်ရွက်ရမည်။ ၃။ နိုင်ငံတကာတွင် အသုံးပြုခြင်း APC Mart သည် Website အား ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ ပြင်ပတွင် အသုံးပြုနိုင်သည်ဟု ကတိပြု၊ အာမခံ ခြင်း မရှိပါ။ မြန်မာနိုင်ငံ ပြင်ပတွင် Website နှင့် ချိတ်ဆက် အသုံးပြုပါက ဆုံးရှုံးနိုင်ခြေများကို ကိုယ်တိုင် တာဝန် ယူရမည် ဖြစ်ပြီး၊ သက်ဆိုင်ရာ နိုင်ငံ၏ ဥပဒေများအတိုင်း လိုက်နာဆောင်ရွက်ရမည်။ ၄။ ကလေးသူငယ်များ အသက် ၁၈ နှစ် အောက် ကလေးများသည် ၎င်းတို့၏ မိဘ သို့မဟုတ် အုပ်ထိန်းသူ၏ ပါဝင်ဆောင်ရွက်မှုဖြင့်သာ Website တွင် မှတ်ပုံတင် စာရင်းသွင်းခြင်း၊ အသုံးပြုခြင်း သို့မဟုတ် မှာယူခြင်းများကို ဆောင်ရွက်နိုင်ပါမည်။ ၅။ ဆက်သွယ်ရန် လိပ်စာ ကျွန်ုပ်တို့ထံ ဆက်သွယ်ရန် လိပ်စာ အပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။ APC Mart Company Limited

အမှတ် ၁-၁၁၊ တာမွေ မြို့နယ်၊ ရန်ကုန်၊ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ။

Version 01 July 22